Business Show
Yangon
Odoo Roadshow ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာပါပြီ။
စီးပွါးရေးလုပ်ငန်းတွေအတွက် Odoo ၏ အသုံးဝင်ပုံနှင့် နောက်ဆုံးထွက်ရှိထားသော Odoo 16 ၏ Features အသစ်များကို Live Demo တွင်လေ့လာနိုင်ရုံသာမက ပြည်တွင်းရှိ start up လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာနယ်ပယ်တွင် လုပ်ကိုင်နေသော ကျွမ်းကျင်ပညာရှင်များနှင့် ချိတ်ဆက်နိုင်ရန်အတွက် ရည်ရွယ်ပါတယ်။ Roadshow မှတစ်ဆင့် Odoo All-in-one Business Management Solutionဖြင့် သင့်လုပ်ငန်းကို ဘယ်လိုစီမံခန့်ခွဲနိုင်ပြီး လုပ်ငန်းအရင်းအမြစ်များကို အကောင်းဆုံးဘယ်လိုအသုံးချလို့ရနိုင်မလဲဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်
Odoo Roadshowတွင် ပါဝင်တက်ရောက်ရင်း ကမ္ဘာတစ်ဝှမ်းရှိ သုံးစွဲသူ 10 သန်းကျော်သည် Odoo ဖြင့် ၎င်းတို့၏ လုပ်ငန်းကို ဘယ်လို ကြီးပွားတိုးတက်အောင်လုပ်ဆောင်နေသလဲ ဆိုတာကိုလည်း လေ့လာနိုင်ပါတယ်
Odoo ဖြင့် စီးပွားရေးအခွင့်အလမ်းများကို ရှာဖွေပါ။
မနက်ပိုင်းအစီအစဉ်သည် Clients များကို အကောင်းဆုံး ERP Software Implementation, IT Consulting and Services ဝန်ဆောင်မှုပေးချင်သူများ၊ စီးပွါးရေးချဲ့ထွင်ချင်သူများ၊ မြန်မာနိုင်ငံရှိ SMEs လုပ်ငန်းများကို Digitalization အသွင်ကူးပြောင်းရာတွင် ကူညီဆောင်ရွက်ပေးချင်သော Developers များနှင့် Software ဝါသနာရှင်များအားလုံးအတွက် ရည်ရွယ်ပါတယ်
Odoo က သင့်အား Official Partner အဖြစ် ပူးပေါင်းလုပ်ဆောင်ရန် အလိုရှိပါတယ်
ဒီပွဲလေးမှာ ဘာတွေလေ့လာနိုင်မလဲ
- Odooပါတနာအဖြစ် သင့်အတွက် လုပ်ငန်းအခွင့်အလမ်းများနှင့် အကျိုးအမြတ်များ ရရှိနိုင်ခြင်း
- သင့် customers များအတွက် အကောင်းဆုံး ERP ဝန်ဆောင်မှုကို ပေးဆောင်နိုင်ခြင်း
- Odoo Business Model နှင့် သင့်လျှော်စွာ သက်မှတ်ထားသော Pricing Model မှ အကျိုးခံစားခွင့် ရရှိနိုင်ခြင်း
- Odoo Experts နှင့်အတူOdoo Partner Community ဖြင့်ပါချိတ်ဆက်ခွင့်ရရှိနိုင်ခြင်း
Odoo Partner အနေဖြင့် ရရှိနိုင်မည့် အဓိကအကျိုးခံစားခွင့်များ
- Odoo Enterprise GitHub Repositories သို့ ဝင်ရောက်ခွင့်ရနိုင်ခြင်း
- Odoo Account Managerမှ သီးသန့်ပံ့ပိုးကူညီမှု
- Odoo Partner Webpage တွင် မြန်မာမှ Partner အဖြစ် ဖော်ပြခြင်း
ကိုယ့်ရဲ့ လုပ်ငန်းကို Odoo နှင့် Digital Version ပြောင်းဘို့ အတွက်
Odoo Roadshow Yangon ပွဲဟာ လုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင် သူတွေနဲ့ ကိုယ့် လုပ်ငန်းက်ို နောက်တစ်ဆင့် တက်လှမ်း ဘို့ စဉ်စား နေသူတွေ အတွက် ရည်ရွယ်ပါတယ်။
Odoo Roadshow တွေကို APAC Region မှာ ကျင်းပ ခဲ့ပြီး ထောင်၊သောင်းချီ သော ပရိသတ်တွေ၊ Odoo Partner တွေ၊ CEO လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ကျွန်တော်/မ တို့ ရဲ့ Software ဟာ လုပ်ငန်းတိုင်း၊ Industry တိုင်းနဲ့ ကိုက်ညီ တဲ့ အတွက် Start Up မှ အစ Company အကြီး တွေ အထိ တက်ရောက်လိုတဲ့ သူတွေ ကိုဖိတ်ခေါ်ပါတယ်။
Live Demo
Version အသစ်ဖြစ်တဲ့ Odoo 16 ကို ကိုယ့်လုပ်ငန်းမှာ ဘယ်လို သုံးလို့ရမလည်း ဆိုတာကို ပြပေးမည့် Live Demonstration လည်းပါဝင်ပါမယ်။
Business Insights
လုပ်ငန်းကို ဘယ်လို အကောင်းဆုံး Digitalize လုပ်မလည်း ဆိုတာကို နောက်ဆုံးပေါ် လုပ်ငန်း Management Technology တွေ ပေါ်မူတည်ပြီး မျှဝေပေး သွားမှာပါ။
Networking
Business Professionals တွေ၊ Product ကျွမ်းကျင်သူတွေနဲ့ Idea ဖလှယ်ပြီး ဆွေးနွေးလို့ရမည့် Networking Session လည်း ပါဝင်မှာ ဖြစ်ပါတယ်။
ပွဲအစီအစဉ်
09:30 - 10:00 | ကြိုဆိုရေး နှင့် Odoo Partnership Enablement Session စတင်ချိန်
10:00 - 11:00 | Odoo Partnership Program အကြောင်း မိတ်ဆက်
11:00 - 12:00 | Coffee Break & Networking
13:30 - 14:00 | ကြိုဆိုရေး နှင့် Odoo Roadshow Session စတင်ချိန်
14:00 - 15:00 | Introduction about Odoo, LIVE Demo of Odoo 16, Interactive Quiz about Odoo
15:00 - 16:00 | Partnership Panel: Business Digitalization Insights
16:00 - 17:00 | Odoo Team ဖြင့် အမေးအဖြေကဏ္ဍ
17:00 - 18:00 | Coffee Break & Networking
FAQs
Odoo က ကိုယ့်ရဲ့လုပ်ငန်းမှာ လိုအပ်တဲ့ CRM, eCommerce, Accounting, Inventory, Point of Sale, Project Management, အစရှိတဲ့ Department တိုင်းရဲ့ နေ့စဉ် လုပ်ဆောင်ရတဲ့ operation တွေကို တစ်နေရာထဲ စုစည်းပေးထားတဲ့ Open Source Software ဖြစ်ပါတယ်။
Odoo က ကိုယ့်ရဲ့ လုပ်ငန်း ကို ကြီးထွားအောင်၊ အမြဲတမ်းပြောင်းလဲနေတဲ့ Market ထဲမှာ မျက်ချေမပြတ်အောင် ဆောင်ရွက်ပေးနေတဲ့ all-in-one Software လည်းဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ Odoo ကို အသုံးပြုတဲ့ over 10 millions users ဟာလည်း သူတို့ရဲ့ လုပ်ငန်းမှာ နေ့စဉ် Odoo နဲ့ အဆင်ပြေပြေ လည်ပါတ်နေပါတယ်။
နှစ်စဉ် Odoo က Version အသစ်ကို ကြေညာပါတယ်။ Odoo Roadshow တွေဟာ အသစ်ထွက်တဲ့ version ကို celebrate လုပ်တဲ့ အနေနဲ့ ကျင်းပ တဲ့အပြင် များစွာသော လုပ်ငန်းရှင်တွေ၊ Odoo Partner တွေ၊ Client တွေနဲ့ Open Source Software Fan တွေကို တစ်နေရာထဲ စုစည်းပေးတဲ့ ပွဲလည်းဖြစ်ပါတယ်။
Odoo Roadshow မှာ လုပ်ငန်းရှင်တွေ၊ CEO၊ Odoo Partner တွေနဲ့ Odoo ကို စိတ်ဝင်စားသူ အများအပြားကို တွေ့ရမှာဖြစ်တဲ့ အတွက် မတူတဲ့ နယ်ပယ်၊ လုပ်ငန်း မှာရှိတဲ့ Start up တွေက စပြီး လုပ်ငန်းကြီးတွေ ထိ တက်ရောက်ဘို့ ဖိတ်ခေါ်ပါတယ်။ တက်ရောက်ပြီး Odoo က သင့်လုပ်ငန်းကို ဘယ်လိုကူညီနိုင်လည်းကြည့်လိုက်ပါ။
နှစ်တိုင်း တက်ရောက်သူတွေ များလာတာနှင့်အမျှ လုပ်ငန်းတွေ အများစုဟာလည်း Odoo ကို ရွေးလာကြပါတယ်။
Odoo Roadshow က Physical Event ဖြစ်ပြီး Live Streaming လုပ်မှာ မဟုတ်တဲ့ အတွက် Online တက်ရောက်လို့မရပါ။
ဒီပွဲကို မမှီရင်တောင် တခြားနိုင်ငံက တခြားပွဲတွေ လာခဲ့လို့ရပါတယ်။ Odoo Events Page မှာ အသေးစိတ်ဝင်ကြည့်ပေးပါ။
ဟုတ်ပါတယ်။ Odoo Roadshow က အခမဲ့ ပါ။ တက်ရောက်ဘို့ Registration ပဲလုပ်ဘို့လိုပါမယ်။ ဒီ [link] ကို နှိပ်ပြီး၊ Form ကိုဖြည့်ပေးရုံပါပဲ။
Presentation ကတော့ Burmese (မြန်မာ) လိုလုပ်မှာဖြစ်ပါတယ်။
Sponsors
Asia Matrix
Founded in 2018 August, we are the Odoo Functional Certified Service Provider in Myanmar. We provide the Cloud-Based Odoo ERP System for various industries like Retail, Wholesales, Distribution, Manufacturing, etc. for a vast number of projects for Small, Medium, and Large Scale of Organizations. We mostly worked based on the Odoo ERP system and Mobile Application. We do the Consultation, Implementation, Customization, Training and Maintenance Support.
7th Computing
7th Computing Co., Ltd is the prominent Odoo ERP Gold Partner in Myanmar since 2013 with a
remarkable track record spanning numerous years, we are your trusted source for certified expertise in Odoo versions 12, 13, 15, and 16.
In the dynamic business landscape of Myanmar, we have consistently delivered tailored Odoo ERP solutions that drive operational excellence and growth with deep understanding of local and global business intricacies to all the industries.
SME Intellect
smei သည် မြန်မာနိုင်ငံရှိလုပ်ငန်းများ ခေတ်မီတိုးတက်ကြီးထွားဖို့ စီးပွားရေးလုပ်ငန်းသုံး စီနံခန့်ခွဲမှုဆိုင်ရာ နည်းပညာဆော့ဖ်ဝဲ နှင့် လုပ်ငန်းခွင်အတွင်း အိုင်တီပိုင်းဆိုင်ရာ လိုအပ်ချက်များကို ကုန်ကျစရိတ် သက်သာစွာဖြင့် စနစ်တကျနှင့်တိုးတက်မှု ရှိအောင် ပံ့ပိုးဖြေရှင်းပေးနေတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
အပြောင်းအလဲများတဲ့ မြန်မာ့စျေးကွက်ဆင့်ကဲဖြစ်စင်တိုင်းမှာ သင့်လုပ်ငန်း၏ အခက်အခဲများစွာကို ဖြေရှင်းပေးနိုင်ဖို့အတွက် ဆန်းသစ်တီထွင်နိုင်စွမ်းရှိပြီး ရလဒ်ကောင်းတွေ ပုံဖော်ပေးနေတဲ့ ကျွမ်းကျင်မှုရှိသော smei Team များက အသင့်ရှိနေပြီး သင့်လုပ်ငန်းတိုးတက်ဖို့အတွက် အားသွန်ခွန်စိုက် ပံ့ပိုးပေးနေကာ သမာရိုးကျ လည်ပတ်နေတဲ့ သင့်လုပ်ငန်းကို မတူကွဲပြား တိုးတက်ပြောင်းလဲအောင်
smei နှင့်အတူ ပုံဖော် ဖန်တီးနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။